Thursday, January 9, 2014

တရုတ်ပြည်မှာ ဆင်စွယ် ၆ တန် ဖျက်ဆီး


~
တရုတ်အစိုးရက တနင်္လာနေ့မှာ တရားမ၀င်ကုန်သွယ်မှုကသိမ်းဆည်းရမိတဲ့ ဆင်စွယ် ၆ တန်ကို ဖျက်ဆီးလိုက်ပါတယ်။

အာဏာပိုင်တို့က သတင်းသမား၊ သံတမန်၊ တောရိုင်းတိရိစ္ဆာန်ကာကွယ်ရေးအဖွဲ့ကိုယ်စားလှယ်များကို ဖိတ်ခေါ်ပြီး ဖျက်ဆီးမယ့် ဆင်စွယ်နဲ့ဆက်စပ်ပစ္စည်းများ ပြသပါတယ်။

ကွမ်တုံပြည်နယ်၊ တုံကွမ်မြို့မှာ ဒီပွဲ စီစဉ်တယ်၊ ဒီဒေသဟာ ဆင်စွယ်မှောင်ခိုလုပ်ငန်းကြီးထွားရာဒေသ၊ အခုလို ဆင်စွယ်ဖျက်ဆီးခြင်းဟာ တရုတ်ပြည်ရဲ့
ပထမဆုံး အမြောက်အများ ဖျက်ဆီးခြင်းပါပဲ လို့ ဆိုပါတယ်။

အခုလို ဖျက်ဆီးတာဟာ တရုတ်မှာ တရားမ၀င် ကုန်သွယ်တဲ့ ဆင်စွယ်များ ဖမ်းမိထားတာတွေထဲက အစိတ်အပိုင်းတခုပါပဲ တဲ့။ ဘယ်လောက်တောင် ဖမ်းမိထားတယ်ဆိုတာကိုတော့ တရုတ်က မပြောပါ။

အာဖရိကတိုက်က ၀င်လာတာတွေကို အကောက်ခွန်ဌာန ဖမ်းထားတာတွေ ပါသလို အလုပ်ရုံတွေ ဆိုင်တွေကနေ သွားဖမ်းတာတွေလည်း ပါပါတယ် တဲ့။

တရုတ်ပြည်ဟာ ကမ္ဘာ့ဆင်စွယ်ဈေးကွက်ရဲ့ ဗဟိုချက်မဖြစ်နေပြီလို့ တောရိုင်းတိရိစ္ဆာန်ကာကွယ်ရေးသမားတွေက သတ်မှတ်ပါတယ်။

တရုတ်မှာ လူလတ်တန်းစားတွေ ငွေဖြုန်းအားကောင်းနေပြီး ဆင်စွယ်နဲ့လုပ်တဲ့ ရုပ်တုတွေ ဘာတွေက လူဂုဏ်တန်များအားပေးတဲ့ အမှတ်တရပစ္စည်း ဖြစ်လာနေတာပါ။
မှောင်ခိုဈေးကွက်မှာ ဆင်စွယ်တကီလိုက ဒေါ်လာ နှစ်ထောင် ပေါက်ဈေးရှိတယ်၊ ဆင်စွယ်ကို ရွှေဖြူလို့ ခေါ်ကြပါတယ် တဲ့။


https://www.facebook.com/chitthu.sky.7

ဒီ Post ရဲ့ Comments ဖတ်ရန်

No comments:

Post a Comment