ကျောက်တော်တောင် ဂေါဗကအဖွဲ့
စင်ပြိုင်ဖွဲ့သည်ဆိုခြင်းအပေါ်
စေတနာဖြင့် ဘလော့တည်ထောင်ထားသူ၏ သဘောထားရှင်းလင်းချက်
သေလာဂီရိ
မောရပဗ္ပတ ကျောက်တော်တောင်ဖွံ့ဖြိုးရေး အင်တာနက်စာမျက်နှာ
တင်ရခြင်း ရွည်ရည်ချက်
၁။ ကျောက်တော်တောင် သည်
ရခိုင်ပြည်နှင့် ရခိုင်လူမျိုး တို့၏ ဗုဒ္ဓသာသနာစတင်ရာ မြေဖြစ်ကြောင်း ကို
အများသူငါ
သိရှိစေရန် သမိုင်း ရာဇ၀င် ဆောင်းပါးများ
ရေးသားဖေါ်ပြရန်။
၂။ ကျောက်တော်တောင်၏ အနာဂတ်
ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် ဖေါ်ဆောင်မှုများကို အင်တာနက်ရှိသော ကမ္ဘာ၏
မည်သည့် နေရာသို့မဆို ရောက်ရှိနေသော ရခိုင်သူ/သားများ နှင့်ုဗုဒ္ဓဘာသာဝင်အပေါင်းတို့ သိရှိ ပါဝင်လာစေရန်။
၃။ ရခိုင်လူမျိုးတို့၏ ရိုးရာ ထုံးတမ်းစဉ်လာ
ယဉ်ကျေးမှုများကို အခြားတိုင်းရင်းသားများ နားလည်သိရှိ လာစေရန်။
၎။ ရခိုင်သမိုင်းများနှင့် အခြားသော
ဗဟုသုတစာအုပ်များကို တစ်နေရာတည်းတွင် လေ့လာသိရှိနိုင်စေရန်။
၅။ ရခိုင်နှင်ပက်သက်၍သော်၎င်း၊
ပြည်တွင်းပြည်ပနှင့် ပက်သက်သော သတင်း ဆောင်းပါး၊ ရုပ်သံဖိုင်၊ ဗွီဒီယိုများ၊သီချင်းများကို အချိန်နှင့် တစ်ပြေးညီ တင်ပြနိုင်ရန်၊ ဖတ်ရှုနိုင်ရန်။
၆။ ကျောက်တော်တောင်
ကျောက်တော်မြို့နှင့် ပက်သက်သော အကြောင်းအရာများကို၎င်း၊ရခိုင်ပြည်နှင့်
ရခိုင်လူမျိုးတို့၏ မှတ်တမ်းတင်အပ်သော အကြောင်းအရာများကို ဤဘလော့တွင် မှတ်တမ်းတင်
ထိမ်းသိမ်းသွားရန်။
၆။ ရခိုင်မျိုးဆက်သစ် လူငယ်များ
ကလောင်သွေးမည့်နေရာတစ်ခုဖြစ်လာစေရန်ဟူသော ကောင်းမြတ်သည့်
ရွည်ရည်ချက်များဖြင့် လွင့်တင်ထားခြင်းသာဖြစ်ပါသည်။
ကျွန်တော် ဦးမောင်ဖြူသည်
ကျောက်တော်တောင်ဖွံ့ဖြိုးရေး အင်တာနက် စာမျက်နှာ ဘလော့ကို အထက်ပါ ရွယ်ရည်ချက်များဖြင့်
စေတနာသန့်သန့် ထား၍ ကိုယ်တတ်ကျွမ်းသည့် နည်းပညာဖြင့် ကူညီပေး ရန် စီစဉ်ရခြင်း သာ ဖြစ်ပါသည်။ကျောက်တော်တောင်
ဂေါဗက အဖွဲ့ စင်ပြိုင်ထောင်ခြင်း အဖြစ် အမြင် မကျဉ်းစေလိုပါ။ ကမ္ဘာ၏ မည်သည့် အရပ်
ဒေသမှ မည်သည့်ပုဂ္ဂိုလ် မဆို ကျောက်တော်တောင် ဂေါဗက အဖွဲ့အား တိုက်ရိုက်ဆက်သွယ်နိုင်ရန်အတွက်
လက်ရှိ ဂေါဗကအဖွဲ့ဝင်တို့၏ ကိုယ်ရေးအကျဉ်း၊ ဓါတ်ပုံ၊ ဖုန်းနံပါတ်များကို
ဖေါ်ပြနိုင်ရန် ကျောက်တော်မြို့မှ စာရေး ဆရာ ဦးကျော်စိန်( ခိုင်ကျော်နွယ်) ၊
ကျောက်ေ တ်ာတောင် ဂေါဗက အဖွဲ့ဝင်(စာရင်းစစ်)ဦး မောင်ကျော်သိန်း ကျောက်တော် အား
တောင်းခံထား ခဲ့ေ ကြာင်းကိုလည်း သိစေလိုပါသည်။ သို့ဖြစ်၍ ဤအင်တာနက် စာမျက်နှာဘလော့ တွင်
ယခုအချိန်ထိ အလှူငွေ ကောက်ခံ ၊တောင်းခံသော သတင်းများ၊ ဆောင်းပါးများ တစ်ခုမျှ
တင်၍မရှိသေး ပါ။ ကျောက်တော်တော င်ဂေါဗက အဖွဲ့ဝင်တို့၏ ရှေးလုပ်ငန်းစဉ်များအတွက်
အင်တာနက် စာမျက်နှာများတွင် လိုအပ်ပါက ဖေါ်ပြအသုံးပြုရန်ရည်ရွယ်လျက်
ကြိုတင်စီစဉ်ထားခြင်းသာဖြစ်ပါသည်။
စတင်တည်ထောင်သည့် 4.1.2014 နေ့မှ
ယခုလက်ရှိအချိန်ထိရခိုင်ပြည်နှင့် ရခိုင်လူမျိုးတို့၏ အကြောင်းအရာများနှင့်
သတင်းဆောင်းပါးများကိုသာ တင်ပြထားခြင်းဖြစ်ပါသည်။ ဤဘလော့၏ ရှိရှိသမျှသော
စာမျက်နှာများကို လှန်ကြည့်
လျှင်လည်း ကျောက်တော်တောင်နှင့်ပက်သက်၍
အလှူကောက်ခံခြင်း ၊တောင်းခံခြင်း တစ်ခုမျှ တွေ့မည်မဟုတ်ပါ၊ ကျွန်တော်သည်
ကျောက်တော်တောင်ဖွံ့ဖြိုးရေးအတွက် စေတနာသန့်သန့်ဖြင့် အုတ်တစ်ချပ် သဲတစ်ပွင့်
အဖြစ် ပါဝင်လိုသာဖြစ်ပါကြောင်း ကျွန်တော်အပေါ်အမြင်မရှင်းသည်များရှိပါက
ကိုမောင်ဖြူ
အမှတ် 121 ၊ပထမထပ် ၊ 41 လမ်းအပေါ်၊
ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်
ဖုန်း 0951 22182 ၊ 01 240324
သို့သော်၎င်း၊ Email;/ kophyu55@gmail.com သို့သော်၎င်း၊
တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဤဘလော့၏ CBox တွင်မှာလည်း
ဝင်ရောက်ဆွေးနွေးနိုင်ပါသည်။
ဤဘလော့၏ Email;/ thaylageri@gmail.comသို့သော်၎င်း
ပေးပို့မေးမြန်းနိုင်ပါသည်။
No comments:
Post a Comment