Friday, January 17, 2014

နေပူတောင် ကျောက်အချောထည် ထုတ်ဖို့ စက်ရုံဆောက်မယ်



တောင်ကုတ်နေပူတောင်က အအေးဓာတ်ရှိတဲ့ မာဘယ်လ် ကျောက်တွေကို အချောအထည်အနေနဲ့ ထုတ်ဖို့ တောင်ကုတ်မှ ဒီနှစ်ထဲမှပဲ စက်ရုံဆောက်မယ် လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ဒုဝန်ကြီးက မနေ့က လွှတ်တော်မှာ ပြောလိုက်ပါတယ်။

ကျောက်ထုတ်တဲ့ နေရာမှာ ဖောက်ကွဲပစ္စည်းမသုံးဘဲ ထုတ်မှာ ဖြစ်တဲ့ အတွက် ရေအရင်းအမြစ်နဲ့ ပတ်ဝန်းကျင် မပျက်စီးဘူးလို့လည်း ဆိုပါတယ်။

ဓါတု ပစ္စည်းတွေကိုလည်း မသုံးဘူးလို့ ပြောပေမယ့် ပြောတဲ့ အတိုင်း ဟုတ်မဟုတ် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

နေပူတောင် ကျောက်က အအေးဓာတ်ရှိတဲ့ ကျောက်တစ်မျိုးဖြစ်ပါတယ်။ အဲဒါကို ဘယ်လောက် အသုံးဝင်လဲ ဘယ်လောက်တန်းဖိုးရှိလဲဆိုတဲ့ သုတေသန လုပ်မှုတွေ၊ အစိုးရက နိုင်ငံခြား ကုမ္ပဏီတစ်ခု လုပ်နေတဲ့ ကိစ္စတွေမှာ အကောင်းထက် ဆိုးကျိုးကို ခံစားရမယ့် ဒေသခံတွေကို တစ်စုံတစ်ရာ ချပြထားခြင်းလည်း မရှိသေးပါ။

နေပူတောင်က ကျောက်ထုတ်လို့ ဒေသလူထု ဘာတွေရမယ်။ ဘာတွေပျက်စီးမယ် ဆိုတာကိုလည်း မသိရသေးပါ။ ဒီကိစ္စအရေးကြီးသည်။

ဓါတ်ပုံ - RSV

By- Rakhine Citizen Journalists

ဒီ Post ရဲ့ Comments ဖတ်ရန်

No comments:

Post a Comment